top of page
2.2 အခြား Workbook တစ်ခု၏ Worksheet တစ်ခုမှ Data Table အဖြစ်သတ်မှတ်မထားသည့် ဒေတာများအား ချိတ်ဆက် ထည့်သွင်းခြင်း

ယခုသင်ခန်းစာတွင် Data Table (သို့မဟုတ်) Name Range အဖြစ် သတ်မှတ်ထားခြင်းမရှိသည့် အခြား Workbook ၏ Worksheet တစ်ခုမှ ဒေတာများအား Power Query အတွင်းသို့ ချိတ်ဆက်ထည့်သွင်း ပါမည်။

Excel Workbook အသစ် (သို့မဟုတ်) လက်ရှိ အလုပ်လုပ်နေသည့် Excel Work-book တွင် Excel Version 2016/ 2019 ဆိုပါက Data Tab အောက်မှ New Query ( သို့မဟုတ် ) Get Data မှ တစ်ဆင့် From File ကိုသွားကာ From Workbook ကို ဆက်လက် Click ပါ။ ( Excel 2010/ 2013 ဖြစ်ပါက Power Query Tab အောက် မှ From File မှတစ်ဆင့် From Workbook ကို ဆက်လက် Click ပေးရပါမည်။ )

Browse Window ကျလာသည့်အခါ Download ရယူထားသည့် Excel File ကို ရွေးချယ်ပြီး OK ပေးပါ။ Navigator Window ပေါ်လာပါမည်။ Excel အတွင်းသို့ တိုက်ရိုက်ထည့်သွင်းလိုလျင် Load ကို ရွေးချယ် Click ရမည်ဖြစ်ပြီး Power Query သို့ထည့်သွင်းလိုပါက Edit (သို့မဟုတ်) Transform Data ကို ရွေးချယ်ရပါမည်။

Row များတွင်လည်း Blank Row များ ပါနိုင်သည့်အတွက် Column တစ်ခုကို Filter ထောက်၍ (null) ကို အမှန်ခြစ် ဖြုတ်ရမည် ဖြစ်ပါသည်။

image11.png
image12.png

ချိတ်ဆက်ထည့်သွင်းသည့် Data Range သည် Data Table (သို့မဟုတ်) အမည်ပေးထားသည့် Named Range မဟုတ်သည့်အတွက် Power Query   အထဲသို့ထည့်သွင်းသည့်အခါ Column အပိုများ၊ Row အပို များ ပါဝင်နေမည် ဖြစ်ရာ ၎င်းတို့ကို ဖျက်ရမည် ဖြစ်ပါသည်။

မလိုအပ်သည့် Blank Column များကို Select မှတ် ဖျက်ရန်အတွက် Blank Column များကို Select မှတ်ရ သည်မှာ အချိန်ကြာမြင့်နိုင်သည့်အတွက် Data ရှိသည့် Column များကိုသာ Select မှတ်၍ Remove Other Columns ကို ရွေးချယ်ပေးလျင် ပို၍ မြန်ဆန်မည် ဖြစ်ပါသည်။

image13.png
image14.png
ဤစာမျက်နှာတွင်ပါဝင်သည့် ခေါင်းစဉ်များ
ဆက်လက်လေ့လာရမည့် သင်ခန်းစာ

လိုအပ်သည့်အတိုင်း ဒေတာများရရှိပြီးဖြစ်သည့်အတွက် Close & Load ကို အသုံးပြု၍ Excel သို့ပြန်လည်ထည့်သွင်းနိုင်ပြီ ဖြစ်ပါသည်။

ယခုဆိုလျင် လိုအပ်သည့် ဒေတာများသာ Power Query အတွင်းတွင် ရရှိပြီး ဖြစ်ပါသည်။

သို့သော် အောက်ပါပုံတွင် မြင်တွေ့ရသည့်အတိုင်း Column အမည်မှာ Column1, Column2 များဖြစ်နေရာ Data Range ၏ ခေါင်းစဉ်များသည် ပထမ Row တွင် ရှိနေခြင်းဖြစ်သည်။ ထို ပထမ Row ရှိ တန်ဖိုးများ ကို Heading အဖြစ်ပြောင်းလဲရန် Transform Tab အောက်မှ User First Row as Headers ကို ရွေးချယ်ပေးရမည် ဖြစ်ပါသည်။ ( Updated Excel Version များတွင် Column Heading များ မှန်ကန်စွာ ရရှိပြီးဆိုပါက ဤအဆင့်ကို ဆောင်ရွက်ရန်မလိုအပ်ပါ။ )

ထို့နောက် အောက်ပါအတိုင်း Data များ မှန်ကန်စွာ ရရှိမည် ဖြစ်ပါသည်။

image15.PNG
image16.png
bottom of page