top of page
Data Transformation ဆိုင်ရာ လက်တွေ့ဥပမာများ
7.1 Furniture Database Transformation

အောက်ပါ Database တွင် Product Category အမည်များကိုလည်း Merge Cell များဖြင့် ရေးသားထား သကဲ့သို့ Year များကိုလည်း Merge Cell များဖြင့် ရေးသားထားပါသည်။ ထို့အပြင် Quarter တစ်ခုချင်း၏ ကိန်းဂဏန်းတန်ဖိုးများကို အလျားလိုက်ထည့်သွင်းထားခြင်းကြောင့် Pivot Table တွင် Analysis ပြုလုပ်ရန်အတွက် အဆင်ပြေမှု မရှိသည်ကို တွေ့ရပါမည်။ ထို့အပြင် Formula ရေးသား၍ စုစုပေါင်းတန်ဖိုး များရှာဖွေမည်ဆိုလျင် Formula ကို ရှုပ်ထွေးစွာ ရေးသားရမည် ဖြစ်သည်။

ဤသင်ခန်းစာတွင် အထက်ပါ Data ကို Analysis ပြုလုပ်ရန်အဆင့်ပြေသည့်ပုံစံသို့ ပြောင်းလဲသွားမည် ဖြစ်ပါသည်။

အဆင့် ၁)

Query အတွင်းသို့ ထည့်သွင်းမည့် Data သည် Data Table သို့မဟုတ်  အမည်ပေးထားသည့် Cell Range ဖြစ်ရပါမည်။ သို့ဖြစ်၍ အထက်ပါ Data Range ကို Select မှတ်၍ သင့်လျော်သည့် အမည်ပေးပါ။

အဆင့် ၂)

အမည်ပေးပြီးပါက Data Range ပေါ် Cursor ချ၍ Data tab အောက်မှ From Table/Range ကို Click ပါ။ Power Query အတွင်းသို့ ရောက်ရှိ သွားပါမည်။

အဆင့် ၅)

ထို့နောက် Column 1 ကို Select မှတ်ပြီး Transform Tab အောက်မှ Fill > Down ကို ကလစ်၍ Year များကို Quarter အားလုံးတွင် ဖြည့်ပါမည်။

အဆင့် ၆)

ယခုအခါ Year များသည်လည်း Quarter တိုင်းတွင် ထည့်သွင်းပြီး ဖြစ်သည့်အတွက် ပုံမှန် Database ပုံစံ ပြန်လည်ရရှိရန် Transpose နောက်တစ်ခါ ပြန်လုပ်ရပါမည်။ ထိုသို့ Transpose လုပ်ပြီးနောက် Year Row အား ယခု Database ၏ Heading Row အဖြစ် ပြောင်းလဲ မည်ဖြစ်ရာ Year များသည် ထပ်ခါ ထပ်ခါပါနေသည့်အတွက် ( ဥပမာ 2015 နှစ်သည် တစ်ကြိမ်ထက်မက ပါနေသည့်အတွက် ) Column Heading အဖြစ် သတ်မှာရာတွင် အဆင်ပြေမည် မဟုတ်ပါ။

Data Table တစ်ခုတွင် Column Heading များသည် Unique ဖြစ်ရပါသည်။ ထပ်ပါနေ၍ မရပါ။ ထို့ကြောင့် Unique တန်ဖိုးများရရှိစေရန် Transpose ပြန်မလုပ်မီ Year Column နှင့် Quarter Column နှစ်ခုအား တစ်ခု အဖြစ် ပေါင်းစည်းလိုက်ပါမည်။

 

ထိုသို့ ပေါင်းစည်းရန်အတွက် Year နှင့်  Quarter များပါရှိသည့် Column နှစ်ခုအား Select မှတ်၍ Transform Tab အောက်ရှိ Merge Column ကို ကလစ်ပါ။ Merge Columns Box ကျလာပါသည့်အခါ Separator နေရာတွင် Column နှစ်ခုကို Join မည့် Separator တစ်ခုကို ရွေးချယ်ပေးပါ။

image20.png
image21.png
image22.png

အဆင့် ၃)

Product Category များသည် Row များအားလုံးတွင် မပါရှိသည့်အတွက် ထိုလိုအပ်သည့် Row များအားလုံးတွင် Product Category များထည့်သွင်း ရပါမည်။ ထိုသို့ထည့်သွင်းရန် Product Category Column အား Select မှတ်၍ Transform tab အောက်မှ Fill > Down ကို ကလစ်ပါ။

image23.png

အဆင့် ၄)

Year များသည်လည်း Quarter တစ်ခုချင်းစီအတွက် ပါရှိရန်လိုအပ်ပါသည်။ သို့သော် ယခုလက်ရှိ တွင် Q1 တစ်ခုအတွက်သာ Year ပါရှိနေသည် ဖြစ်ရာ ကျန်သည့် Quarter များ အတွက် Year များ ဖြည့်ရပါမည်။ သို့ရာတွင် Year များသည် ဒေါင်လိုက်မဟုတ်ပဲ အလျားလိုက် ဖြည့်ရမည် ဖြစ်ရာ Fill Right , Fill Down ကဲ့သို့ Function များ မပါရှိသည့်အတွက် Fill Down ကိုသာ အသုံးပြုရမည် ဖြစ်ပါသည်။ သို့ဖြစ်ရာ Fill Down အသုံးပြု ရန်အတွက် Data ကို အလျားလိုက်မှ ဒေါင်လိုက် ပြောင်းလဲရပါမည်။ ထို့သို့ ပြောင်းလဲရန် Transform tab အောက်မှ Transpose ကို ကလစ်ပါ။

image24.png
image25.png

အဆင့် ၁၀)

ယခုအခါ လိုအပ်သည့်အတိုင်း ဒေတာများကို Multiple Row များအဖြစ် ရရှိပြီ ဖြစ်ပါသည်။ သို့ရာတွင် Year & Quarter သည် Attribute ဟူသည့် Column တစ်ခုတည်းတွင် ရှိနေရာ Year Column နှင့် Quarter Column အဖြစ် သီးခြားစီခွဲထုတ်ရမည် ဖြစ်ပါသည်။ ထို့အတွက် ထို Year နှင့် Quarter ထည့်သွင်းထားသည့် Column ကို Select မှတ်၍ Transform tab အောက်မှ Split Column > By Delimiter ကို ရွေးချယ်ပါ။

image26.png

အဆင့် ၇)

Year နှင့် Quarter Column နှစ်ခုကို Merge လုပ်ပြီးနောက် မူလ Database ပုံစံပြန်လည်ရရှိ စေရန် Transform tab အောက်မှ Transpose ကို ကလစ်ပါ။ ထိုအခါ အောက်ပါပုံတွင် မြင်တွေ့ရ သည့်အတိုင်း မူလ Database ပုံစံ ပြန်လည် ရရှိမည် ဖြစ်ပါသည်။

image27.png
image27.png

အဆင့် ၈)

အထက်ပါပုံတွင် မြင်တွေ့ရသည့်အတိုင်း Data Table ၏ Column Heading များသည် Column 1, Column 2 စသည်ဖြင့် ဖြစ်နေရာ Row 1 ရှိ တန်ဖိုးများကို Column Heading အဖြစ် တိုးမြှင့် လိုပါသည်။ ဤအတွက် Transform tab အောက်ရှိ Use First Row as Header ကို ကလစ်ပါ။

အဆင့် ၉)

ယခုအခါ Database တစ်ခုအနေဖြင့် မှန်ကန်စွာ ရရှိပြီး ဖြစ်ပါသည်။ သို့ရာတွင် Year & Quarter Column များသည် အလျားလိုက်ထည့်သွင်း ထားခြင်းဖြစ်ရာ ထိုသို့ Column များစွာဖြင့် ထည့်သွင်းခြင်းသည် Analysis ပြုလုပ်ရန် အဆင်မပြေသည့်အတွက် ထို Column များကို Multiple Row များ အဖြစ် ပြောင်းလဲလိုပါသည်။

ထို့အတွက် Unpivot feature ကို အသုံးပြုပါမည်။ ထို့အတွက် Product Category Column နှင့် Product Column နှစ်ခုကို Select  မှတ်၍ Transform tab အောက်မှ Unpivot Other Columns ကို ရွေးချယ် Click လိုက်ပါမည်။

image28.png
image29.png

အဆင့် ၁၁)

Split Column by Delimiter Box ပေါ်လာပါမည်။ ထိုအခါ  Delimiter နေရာတွင် Column နှစ်ခုကို Merge လုပ်ရာတွင် အသုံးပြုခဲ့သည့် Delimiter ကို ပြန်လည်ရွေးချယ်ပေးရပါမည်။

image30.png

အဆင့် ၁၂)

ယခုအခါ Year နှင့် Quarter Column များ သီးခြားစီ ရရှိပြီဖြစ်ပါသည်။ ထို့နောက် Column Heading များကို လိုအပ်သလို ပြောင်းလဲလိုက်သည့် အခါ Analysis ပြုလုပ်ရန်အတွက် လွယ်ကူ အဆင် ပြေစေမည့် Database Format ရရှိပြီ ဖြစ်ပါသည်။

image31.png
ဆက်လက်လေ့လာရမည့် သင်ခန်းစာ
ယခုစာမျက်နှာတွင် ပါဝင်သည့် သင်ခန်းစာများ
bottom of page